မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားကွင်း၌ ကိုဖိုးကျော်အသင်းနှင့် အ.ထ.က ကျွန်းစုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကိုဖိုးကျော်အသင်းမှ (၁)ဂိုး- ဂိုးမရှိ ဖြင့် အနိုင်ရရှိကာ တံခွန်စိုက်ဖလား ဆွတ်ခူးရရှိသည်။

၎င်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တစ်ဦးချင်းအလိုက် အကောင်းဆုံးဆုများ၊ ပထမ၊ ဒုတိယ၊ တတိယရရှိသော အသင်းအား လည်ဆွဲဆုနှင့် ငွေသားဆုတို့ကို တာဝန်ရှိသူများ က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပထမဆုရရှိသော ကိုဖိုးကျော်အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက တံခွန်စိုက်ဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် လွန်ဆွဲပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ တာဝန်ရှိသူများက ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါဘောလုံးပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာပေါင်းစုံ (၉)သင်း ပြိုင်ပွဲဝင် ကစားသမား ဝန်ထမ်း (၉၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ(၃၁)ရက်နေ့မှ (၄)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)