သတင်းများ

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်း (၈) ကျောင်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားလျက် ရှိသည်။
လမိုင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင်လှစ်
Jun 01,2021
မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ယနေ့နံနက်ပိုင်းမှ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ယူ လျက်ရှိသည်။
မြစ်သားမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား
Jun 01,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ဇွန်လ ၁ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်းသိရသည်။
မြို့သစ်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့သစ်နယ်တွင် အခြေခံပညာမူလတန်း အလယ်တန်း အထက် တန်း ကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ (၅/၂၀၂၁)လအတွက်အငြိမ်းစား (၂၄၀)ဦး၊ ပင်စင် လစာ ပုံမှန်ထုတ်ယူ
Jun 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ၂၀၂၁ခုနှစ်၊ မေလအတွက် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းစုစုပေါင်း (၄၂၆)ဦးစာရင်းရှိသည့်အနက် မေလ(၃၁)ရက်နေ့ မွန်းလွှဲ ၂နာရီခွဲ ချိန်အထိပင်စင်စား(၂၄၀)ဦးတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီအေးချမ်းစွာပုံမှန်လာရောက်ထုတ်ယူခဲ့ကြကြောင်း မြို့နယ်မြန်မာ့စီးပွါးရေး ဘဏ်မှ သိရှိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အ​ခြေခံပညာ​ကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယ​နေ့ နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်​ကြောင်း သိရသည်။