သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှစပြီး ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိသည်။
မော်လိုက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Jun 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုတို့အား ယနေ့နံနက်ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ဖြူးမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာကျောင်းများ တက်ရောက် သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းတုန်းမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ယ်တွင် အခြေခံပညာ မူလတန်း အလယ် တန်း အထက်တန်း ကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။
ကျိုက်မရော မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ အားလုံး ယနေ့တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းများစတင်ဖွင်လှစ်သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး ဇွန်လ ၁ရက်နေ့တွင် သတ္တမတန်းသင်ရိုးဟောင်း/ ဒသမတန်း သင်ရိုး ဟောင်းအတန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သက်ဆိုင်ရာ အတန်းအလိုက် ကျောင်းအပ်နှံပြီး သူကျောင်းသားကျောင်းသူ စုစုပေါင်း (၁၃၆၂၅) ဦးရှိပြီး အထက်တန်း ကျောင်းသားဦးရေ ၅၆၀ ဦး၊ အလယ်တန်း၊ ၄၀၂၅ ဦး၊ မူလတန်း ၉၀၄၀ ဦးဖြစ်ရာ ကျောင်းလာရောက်အပ်နှံပြီးသူ ၃၃. ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူများ ပညာသင်ကြားလျက်ရှိ
Jun 01,2021
"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်" ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများကို ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 01,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်း (၁၀၉) ကျောင်း တို့၌ကျောင်းများဖွင့်လှစ်လျှက်ရှိကြောင်းသိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်သင်ကြား
Jun 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာ သင်ကြားလျက်ရှိ ကြောင်း သိရသည်။