လမိုင်း ဇွန် ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊လမိုင်းမြို့၌နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံ သားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ နံနက် (၁ဝး၃၀)အချိန် ခန့်က မြို့မ(၂)ရပ်ကွက် မုနိပါလခန်းမ၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အင်အားဝန်ကြီးဌာန၏လမ်းညွှန်မူအရ လမိုင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ(ပန်းခင်းစီမံချက်)ဖြင့် မြို့မ(၂)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ အားအိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ လမိုင်းမြို့၊မြို့အုပ်ချုပ်ရေးမူးဦးညီညီမင်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့လဝကဦးစီးမှူး ဦးစိုးအောင်မှ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရာတွင်ပါဝင်ရမည့်အချက်များ အားချပြဆွေး နွေးခဲ့ပြီး အသက်(၁၆)နှစ်မှ(၁၈)နှစ် ကြားနိုင်ငံသားစိစစ် ရေးကတ်ပြားဆောင်ရွက်သူ ကျား(၇)ဦး၊ မ(၆)ဦး စုစုပေါင်း(၁၃)ဦး၊ အသက် (၁၈)နှစ်အထက်နိုင်ငံသားစိစစ် ရေးကတ်ပြားဆောင်ရွက်သူကျား(၃၁)ဦး၊မ(၃၉)ဦး စုစုပေါင်း (၇၀)ဦး ၊အိမ်ထောင်စုလူဦးရေပုံစံ ၆၆/၆ ဆောင်ရွက်သူ အိမ်ထောင်စု(၄၅)စု ရှိကြောင်းသိရသည်။