သတင်းများ

၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များအား ပူဇော်သည့်စူဠ ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင် တော်မူကြသော စာအောင်သံဃာတော် များအား ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်း အနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မရပ်ကွက်၊ ရွှေဂူကြီးဘုရား နဂါးနီသာသနဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 12,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီ က ဗန်းမော်မြို့ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း၌ သစ်ပျိုးပင်ပေါင်း(၅၂၁)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jun 12,2021
ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို သက်ဆိုင်ရာရပ်ကွက်များအလိုက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 12,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား လေယာဉ်ကွင်းရပ်ကွက်၊ အမှတ်(၃)စျေးရပ်ကွက်တို့တွင် ယနေ့ နံနက်(၇)နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်၊ ကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်
Jun 12,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြု လုပ်ခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
​​​​​​​တနင်္သာရီတိုင်းဒေသကြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဆန်နှင့်ကြက်ဥများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Jun 12,2021
တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဆန်နှင့်ကြက်ဥများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး ကျေးရွာချင်းဆက်လမ်းများပေါ်တွင်  Box Culvert တံတား(၇)စင်း တည်ဆောက်
Jun 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်ပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် လမ်းများအား ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းနှင့် တံတားများ တည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-သူငယ်တော်-ကတဲ-ပနန်-ပန်းခွာ-ကုန်းကြီး-စင်းကွန်း-ဘုံကွင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တံတား(၇)စင်း တည်ဆောက်ပေးလျက် ရှိကြောင်းသိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို၌ ခရိုင်အဆင့် COVID-19 ထိန်းချုပ်၊ ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 12,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် COVID-19 ထိန်းချုပ်၊ ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။