တောင်ဥက္ကလာပ ဇွန် ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို သက်ဆိုင်ရာရပ်ကွက်များအလိုက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀ဝိ/- နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး တောင်ဥက္ကလာမြို့နယ် အတွင်းရပ်ကွက်(၁၃)ခုရှိ သက်ကြီးဘိုးဘွား(၁၁၄၅)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၄၃၅၀၀၀ဝိ/-) ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း