​​​​​​​တနင်္သာရီတိုင်းဒေသကြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဆန်နှင့်ကြက်ဥများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဆန်နှင့်ကြက်ဥများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့တိုင်းဒေသကြီးအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်

 

အခမ်းအနားတွင်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလ အတွင်း ဆန်ဆီကြက်ဥများကို ထောက်ပံ့ပေးလျက်ရှိကြောင်းကိုဗစ်-၁၉ ကာလအတွင်း အစစအရာရာ ဂရုတစိုက်သွားလာနေထိုင်ရန်လိုအပ် ကြောင်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ကျန်းမာရေးအသိဖြင့် စနစ်တကျ သွားလာနေထိုင်ရန်လိုအပ်ကြောင်း ပြောကြားသည်

 

ထိုနောက် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတိုင်းအုပ်ချုပ်ရေးမှူးဦးခင်မောင်ချိုတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ဇနီး ဒေါ်အေးသန္တာတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်သီသီစိုးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များစုစုပေါင်း(၂၁၆)ဦးအား တစ်ဦးလျှင်ဆန်(၂)ပြည်နှင့်ကြက်ဥ(၁၀)လုံး စုစုပေါင်း ကြက်ဥ(၂၁၆၀)လုံးနှင့်ဆန်(၄၃၂)ပြည်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်