ထီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူ(၅၄၈)ဦးရှိ
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ အခြေခံ ပညာဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထီးလင်းမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ(၁၃၈၂) ဦးရှိပြီး အောင်မြင်သူ(၅၄၈)ဦး ရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့်(၃၉.၆၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။