သတင်းများ

စိုက်ပျိုးရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းပို့ချ
Aug 13,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်္သာတခရိုင် မြေ၊ မျိုး၊ ပိုး တာဝန်ခံများမှ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါစိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
သာယာဝတီမြို့နယ်တွင် Social Distancing နှင့်အညီ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 13,2020
သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျိုက်ထိုဇောတိကာရုံကျောင်းတိုက် ဓမ္မာရုံတွင် Social Distancing နှင့် အညီ ဆောင်ရွက်ခဲ့ကြသည်။
ရေကြည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရန် မဲရုံမှူးနှင့် အဖွဲ့ဝင်များ ပဏာမစိစစ်ရွေးချယ်ခြင်းများ ပြုလုပ်
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် မဲရုံမှူးနှင့် အဖွဲ့ဝင်များ ပဏာမ စိစစ်ရွေးချယ်ခြင်းအတွက် ‌မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများ ၊ ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အ-ထ-က (၁) တေဇာသီရိခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
တန့်ဆည်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၆၁) စုအတွက် ထောက်ပံ့ငွေပေးအပ်
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုခြင်းအလိုက် ငွေကြေးထောက်ပံ့နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုထောက်ပံ့ငွေ ပေးအပ်ရေး အဖွဲ့သို့ ယနေ့နံနက် (၁၀) နာရီအချိန်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်း
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ရွေးချယ်ဖွဲ့စည်းခဲ့သည်။
ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်းဖြင့် ချေးငွေထုတ်ချေး ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေး
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကန်ကျေးရွာသို့ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရန် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာလူထုတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကန်ကျေးရွာဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးကြသည်။
လက်ပံတန်းမြို့နယ်တွင် မဲစာရင်းကြည့်ရှုသူ(၂၇၀၇၉) ဦးထိရှိ
Aug 13,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို
ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ ၁၀ ဦးတို့အား သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ စောင့်ကြည့်ထားရှိရန် ပို့ဆောင်ပေး
Aug 13,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၁၀ ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိ လာကြပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။