ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်သမ္ဗန်စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းရေး ကူညီစောင့် ရှောက်မှု ဆောင်ရွက်ပေး
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီကာလ မြစ်ချောင်းများ ဒီရေတက်ချိန်တွင် စက်တပ်ရေယာဉ်(သမ္ဗန်)စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းစေ ရေးအတွက် ကူညီစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်ဂိတ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။