ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jun 24,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် မဏိစည်ဈေးနှင့် ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီး ဦးကျော်မင်းဦးထံကသိရသည်။