သနပ်ပင်မြို့နယ်၌ နှာခေါင်းစည်း (Mask) အခု(၁၀၀၀) အား အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန် မြှင့်ဆောင်ရွက်

သနပ်ပင် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင် ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaign ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၈)နာရီ အချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်၌ (Mask) အခု (၁၀၀၀) အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ Mask Campaign အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာ များ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်သည် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာသည့်အတွက် ပြည်သူတွေ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာစေရန်အတွက် မြို့ပေါ်လူစည်ကားရာ နေရာတိုင်းမှာ Mask Campaign များကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရပြီး Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ကြက်ခြေနီအသင်းအဖွဲ့များ ပူးပေါင်း၍ Mask Campaign ကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လှမိုး (သနပ်ပင်)