ဆွမ်ပရာဘွမ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ဆွမ်ပရာဘွမ်   ဇွန်  ၂၄

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများကို အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှထုတ်ဝေ သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲ သုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများ၊ မြို့နယ်စည်ပင်သာယာ ဈေးနှင့် အထကကျောင်းများတွင် ဖြန့်ဝေပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲမှုအကြောင်း၊ မူးယစ်ဆေး ပြဿနာကိုဖြေရှင်းနည်းများ၊ မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ်ရာများ၊ ကမ္ဘာရန်သူဘိန်းဖြူ ကဗျာနှင့် မူးယစ်ဆေးဝါးကဗျာများ၊ မူးယစ်ဆေးဝါးဖေးမကူ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက်လက်ချင်းယှက် စသည့်အချက်များကို ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။ ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေ သန်းသန်းဌေးနှင့်၀န်ထမ်းများက ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွှဲ သုံးမှုနှင့်တရားမဝင် ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် (၂၀၀)ကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

မြို့နယ်ပြန်/ဆက်