မိုင်းကိုင် ဇွန် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
စာပေစကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင် လှိုင်ဦးက စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် စာပေချစ်သူ များဖြစ်ကြသော ဒေါ်ညွန့်ညွန့်ရီ က ပြန်ကြားဆက်ဆံဒို့အားမာန်၊ ဒေါ်နန်းလုံက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကျန်းမာရေးဆေးပညာများ၊ ဒေါ်တင်တင်မိုးက မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များ စသည့်ခေါင်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာပေစကားဝိုင်း၏ ဆွေးနွေးချက်များကို မိုင်းကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် အများပြည်သူ ဗဟုသုတရရှိနိုင်ရေးအတွက် အွန်လိုင်းစနစ်ဖြင့် ပြန်လည်တင်ဆက် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)