မူဆယ် ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက စာဖတ်သူများအတွက် ကျန်းမာရေး အသိသုတရရှိပြီး သတိပြုဆင်ခြင်နိုင်စေရန် “ကျန်းမာရေးကို ဒုက္ခပေးနေသော အစာစားချိန်မမှန်ခြင်း” ဆောင်းပါးဖြင့် ကျန်းမာရေးဗဟုသုတမျှဝေခြင်းအစီအစဉ်ကို Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူတိုင်းလူတိုင်းမှာ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ နာရီမလပ်၊ မိနစ်မခြား၊ စက္ကန့်တိုင်းတွင် အလုပ်လုပ်နေရပြီး နေ့စဉ် နံနက်၊ နေ့လယ်နှင့် ည အစာစားချိန်မမှန်ခြင်းကြောင့် ကျန်းမာရေးကို ဒုက္ခပေးခြင်းတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ အစာစားချိန်မမှန်ခြင်းကို သတိပြုဆင်ခြင်နိုင်ရေးအတွက် အစာကို အချိန်မှန်မှန် စားပေးခြင်းက အရေးကြီးကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်းပါးမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ စီစဉ်ပြီး (၁၅)ရက် တစ်ကြိမ် ထုတ်ဝေလျက်ရှိသည့် ဇွန်လထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၁၂) ပါ၊ ကျန်းမာရေးကဏ္ဍ၌ စာရေးသူ ဒေါ်လင်းလင်းမော် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပြီး၊ ယင်းဆောင်းပါးထဲတွင် လူတိုင်းလူတိုင်း နေ့စဉ် နံနက်၊ နေ့လယ်နှင့် ည စားသုံးနေကြဖြစ်သည့် အစားအစာ ကို အချိန်မှန်စားသုံးခြင်းမရှိပါက အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်သွေးကြော ပေါက်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ထိုးခြင်း၊ လေထိုးခြင်း၊ ဦးနှောက်မှတ်ဉာဏ်အားလျော့နည်းခြင်း၊ အလုပ် (သို့မဟုတ်) ပညာရေးတွင် စိတ်ဝင်စားမှုအားနည်းခြင်းများ ဖြစ်ပေါ်တတ်ခြင်းများကြောင့် ကျန်းမာရေးကို ဒုက္ခပေးသော အစာစားချိန်မမှန်ခြင်းကို မပေါ့ဆဘဲ ဂရုစိုက်သင့်ကြောင်း စသည့်အကြံပြုချက်များ ပါဝင်ပြီး ကျန်းမာရေးဗဟုသုတရရှိစေရန် မျှဝေပေးခဲ့ကြောင်း နှင့် “ကျန်းမာခြင်းသည် လာဒ်တစ်ပါး” ဆိုသည့်အတိုင်း လူတိုင်းအတွက် နေ့စဉ်ဖြတ်သန်းမှု၌ အရေးကြီးသည့် ကျန်းမာပျော်ရွှင်သည့် ဘဝကို ပိုင်ဆိုင်နိုင်ကြစေရန် ကျန်းမာရေးဗဟုသုတမျှဝေခြင်း အစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မူဆယ်ခရိုင်ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူးက ပြောကြားခဲ့ ကြောင်း သိရှိရသည်။
စန်းစန်း