သတင်းများ

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး (၁၇/၂၀၂၁)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 07,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး (၁၇/၂၀၂၁)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၅)ဦး ထပ်မံတွေ့ရှိသဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၅၈)ဦးရှိပြီဖြစ်
Jul 07,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အခြား တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ မောင် တော မြို့နယ် သို့ ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ ၊ချောင်းဆိုး၊ အသက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဇူလိုင် ၆ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၂၅)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
တံတားဦးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 07,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးက ယနေ့နံနက် (၁၀)နာရီက ဘလဲ့ဘကျေးရွာသို့ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေး ဈေးနှင့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 07,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ပတ္တမြားဈေး နှင့် လက်ဖက်ရည်ဆိုင်များ၊ စားသာက်ဆိုင်လုပ်ငန်းရှင်များအား ကိုဗစ်-၁၉ရောဂါ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၈နာရီက ကွင်းဆင်း‌ဆောင်ရွက်သည်။
စစ်တွေခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 07,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ချောင်းသာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန အစည်း အဝေးခန်းမ ၌ ကျင်းပခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေး
Jul 07,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်၇နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၂၆လမ်းနှင့် ၈၆လမ်းထောင့်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။