သတင်းများ

လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာလက်ခံရရှိမှုနှင့် စပ်လျဉ်း၍ ပြည်နယ်/တိုင်း CCI များနှင့် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲကျင်းပ
Aug 11,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ပြည်နယ်/တိုင်းများတွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာ လက်ခံ ရရှိမှုအခြေအနေ၊ ယမန်နေ့ နံနက်ပိုင်းအထိ လျှောက်လွှာလက်ခံရရှိသည့် အရေအတွက်နှင့် လျှောက် လွှာအများဆုံးရရှိသည့် လုပ်ငန်းကဏ္ဍများ၊ လက်ခံရရှိသည့် လျှောက်လွှာများအား စုစည်း၍ ကုန်သည် စက်မှုအသင်းချုပ်ရုံးသို့ အလျင်မြန်ဆုံး ပေးပို့နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ဦးအေးဝင်းနှင့် ပြည်နယ်/တိုင်း CCI များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။
လဲချားတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို နောင်ကော့ကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း(၈)ရွာကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးစီး
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်းကို ညောင်လယ် ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ သိရသည်။
ကျောင်းသား/သူဟောင်းများစုပေါင်း၍ အ.ထ.က မိုင်းလုံကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
Aug 11,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကျောင်းသား/သူဟောင်းများမှ စုပေါင်း၍ မိုင်းလုံမြို့ အ.ထ.က ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၃:၃၀)အချိန်က ဆောင်ရွက်ခဲ့သည်။
မော်လမြိုင် (၁၀) မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများကို ကျန်းမာရေးစစ်ဆေး
Aug 11,2020
မွန်ပြည်နယ် မော်လမြိုင် (၁၀) မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများထဲမှ (၂၄၀) ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ယနေ့နေ့လယ်က ပြုလုပ် ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး
ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Aug 11,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေ ထောက်ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရေးတို့ အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက် (၃၄)လမ်းသို့ ကွင်းဆင်း၍ ရပ်ကွက်အတွင်းရှိ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး မဖြစ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများလေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်လှူဒါန်း
Aug 11,2020
ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကောင်းပေကောင်းဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာ စိုးဝင်းနိုင် (ကျောက်ဆည်) ရေးသားသော "ဘဝတစ်ခုစာစုလေးဆယ်"စာအုပ်ကို စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက မြို့ပြည်သူ့စာကြည့်တိုက် သို့ ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ နှင့်ဆုငွေများချီးမြှင့်
Aug 11,2020
၂၀၁၉-၂၀၂၀ပညာသင်နှစ်၊တက္ကသိုလ် ဝင်တန်းအောင်ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၉နာရီက မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ် သည်။