တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၇

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ရေးနှင့် အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ညနေ (၄) နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ မြို့တွင်း ရန်ကုန်- မန္တလေးကားလမ်းတွင် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့တွင်း ဝင်/ထွက်သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) (၁၀၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုး က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်ရေး ပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်