ခရမ်းမြို့နယ်၊ အခြေခံပညာကျောင်းများအတွက် ရရှိသည့် ရေစင်များ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Aug 11,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် လိုအပ်နေသည့် ရေစင် များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေမှ သုံးစွဲခွင့်ရရှိသည့် အခြေခံပညာအထက်တန်း၊ အထက် တန်း(ခွဲ)နှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ လုပ်ငန်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၁ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။