တံတားဦး၊ ဇူလိုင် ၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးက ယနေ့နံနက်(၁၀)နာရီက ဘလဲ့ဘကျေးရွာသို့ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးတင်သန့်ဆွေက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး ရခြင်း၏ ရည်ရွယ်ချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံဝင်မှုများ၊ ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး စနစ်တကျကိုင်တွယ်အသုံးပြုရမည့် နည်းလမ်းများ၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများကို ရှင်းလင်းပြောကြားပြီး အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေး သည့် အိမ်ထောင်စုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသောပြည်သူများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အခမဲ့ပြုလုပ်ဆောင်ရွက် ပေးကြသည်။
အဆိုပါပန်းခင်းစီမံချက်ကို ၂၀၂၁-ခုနှစ် မေလမှစတင်၍ ယနေ့အထိ ရပ်ကွက် ၊ ကျေးရွာအုပ်စု (၅)အုပ်စု ၊ ကျေးရွာပေါင်း(၁၀)ရွာသို့ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ကွင်းဆင်းဆောင်ရွက်ပေး နိုင်ခဲ့ပြီး ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့လည်း သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးတင်သန့်ဆွေ ထံမှသိရသည်။