ပုသိမ် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေး ပေါ် တုံ့ပြန်ရေးကော်မတီ(၁၇/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ ၁ ၌ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပုသိမ်မြို့ ကုတင်(၅၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု များပြားလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ သံသယလူနာများထားရှိရန်အတွက် Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကိုဗစ်၁-၉ ရောဂါ အတည်ပြု လူနာများအား ကုသ ပေးနေမှု အခြေအနေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းတို့က ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့နောက်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက ဆက်လက် ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်