သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပွဲကျင်းပ
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့် က အမှတ်(၃၀)ရပ်ကွက် မြသီရိလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များကို ကြည့်ရှုစစ်ဆေး
Jul 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည် ယနေ့ နံနက် ၈နာရီခွဲအချိန်က ညောင်ဦးမြို့နယ်အတွင်းဝင်ရောက်လာ သည့် ခရီးသည်တင်မော်တော်ကားများ၊ ကုန်တင်မော်တော်ယာဉ်ကြီးများနှင့် မိသားစုစီးကားများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေသည့် စစ်ဆေးရေး ဂိတ်များသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ငဖဲမြို့ပေါ်ရပ်ကွက်များတွင် နှာခေါင်းစည်း(mask)တပ်ဆင်သွားလာခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်
Jul 07,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ သွားလာသည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)တပ်ဆင်သွားလာခြင်းမရှိသူများအား အရေးယူဆောင်ရွက်မှုကို ယနေ့နံနက် ၆နာရီက ငဖဲမြို့မ စည်ပင်သာယာဈေး နှင့် ကျောင်းတွင်းရပ်ကွက်လမ်းဆုံတို့တွင်ဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် Mask Campaign နှင့် ကိုဗစ်-၁၉​ ရောဂါ ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်​ဆောင်ရွက်
Jul 07,2021
ကိုဗစ်-၁၉​ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများကို ရန်ကုန်တိုင်း​ဒေသကြီး၊​ မြောက်ပိုင်း ခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်အမှတ်(၃) အ-ထ-က ​ကျောင်းတွင် ယ​မန်နေ့ နံနက်(၉)နာရီက​ Mask Campaign ပြုလုပ်ခဲ့သည်။
တောင်ကုတ် မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန် စည်ပင်မီးပွိုင့်လမ်းဆုံ၌ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Jul 07,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးကြိုတင် ကာကွယ်မှုအနေဖြင့် အပြင်ထွက် သည့်အခါတိုင်း နှာ ခေါင်းစည်း (Mask) များတပ်ဆင်အသုံးပြုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ် ကာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ် လမ်းညွှန်ဆောင်ရွက်မှုဖြင့် အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများပူးပေါင်း အဖွဲ့ဖြင့် အသိပညာ ပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီ က စည်ပင်ရုံး လမ်းဆုံမီးပွိုင့်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်မပြုစေရန်နှင့် ပါဆယ်စနစ်ဖြစ်သာရောင်းချရေး လိုက်လံ အသိပေးနှိုးဆော်
Jul 07,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အစားအသောက် ပြုလုပ် ရောင်းချသည့်ဆိုင်များအားလုံး (Take away)ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ထားသည့် (Quarantine Centre) သို့ တာဝန်ရှိသူ များကွင်းဆင်းကြည့်ရှု
Jul 07,2021
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ထားရှိသည့် (Quarantine Centre) များသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။