ညောင်ရွှေမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ (၈၂၄)ဦးရှိ
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ အတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ညောင်ရွှေမြို့နယ်မှ ဝင်ရောက် ဖြေဆိုသူ (၄၁၉၉)ဦး ရှိပြီး အောင်မြင်သူ (၈၂၄)ဦးရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၁၉. ၆၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေး မှူးရုံး၏ ၁၀-၈-၂၀၂၀ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။