သတင်းများ

၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
Jul 07,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက် မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင်းထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ ကျွဲ၊ နွားစာ များအနက် မိုးနှမ်း (၃၆၄၉.၅၀) ဧက အတွက် တောင်သူများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၅)တွင် ပလတ်ခုံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Jul 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ည (၉)နာရီအချိန်ခန့် က ပန်ဟိုက် (၅) ရပ်ကွက်ရှိ ပလတ်ခုံမှတစ်ဆင့် အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Jul 07,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ (၃)လလျှင် တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်မှ ဒုတိယသုံးလပတ် အတွက် ထောက်ပံ့ပေးအပ်သည့် လူမှုပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ( ၇၈ )ဦးရှိပြီဖြစ်
Jul 07,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၇၈) ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပရဟိတလူမှုရေး အသင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် ပရဟိတလူမှုရေးအသင်း အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တမူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၆)ဦးထပ်မံစစ်ဆေးတွေ့ရှိပြီး အတည်ပြု လူနာဟောင်း များအနက်(၂)ဦး သေဆုံး၍ (၃၈) ဦး ဆေးရုံမှ ဆင်းခွင့်ပြု
Jul 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ဇူလိုင်လ (၆) ရက်နေ့က ကိုဗစ်-၁၉ရောဂါ သံသယရှိ ပြည်သူ (၉၄)ဦး တို့အား ရောဂါပိုးရှိ၊ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၃၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာဝန်း အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား Td ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများကို ယမန်နေ့နံနက်ပိုင်းက နားယောင်းကျေးရွာအုပ်စုရှိ ပါနော့ဟောင်းကျေးရွာနှင့် ပူဟိုမိန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။