ကျောက်ဆည်၊ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာဝန်း အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျောက်ဆည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး၊ဒုတိယဦးစီးမှူး ဦးအေဖြိုးအောင်၊ ဒေါ်ဆုသစ္စာ၊ ဒေါ်နန်းသဇင်မြင့်သိန်း နှင့် ဝန်ထမ်းများသည် သတ်မှတ်နေရာများတွင် အရိပ်ရသစ်ပင်(၂၀၀)ပင် ကိုစုပေါင်းစိုက်ပျိုး ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်း(၅၀)ပင်၊ ကျွန်း(၂၅)ပင်၊ မယ်ဇလီ(၅၀)ပင်နှင့် ယူကလစ်(၇၅)ပင် စုစုပေါင်း အပင်(၂၀၀) စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
တင်တင်ထွေး