တမူး ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ဇူလိုင်လ (၆) ရက်နေ့က ကိုဗစ်-၁၉ရောဂါ သံသယရှိ ပြည်သူ (၉၄)ဦး တို့အား ရောဂါပိုးရှိ၊ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၃၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
တမူးမြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ရောဂါသံသယရှိပြည်သူ(၇၁)ဦးအား စစ်ဆေးရာ (၂၅)ဦးတို့တွင် လည်းကောင်း၊ မင်းသာကျေးရွာတိုက်နယ်ဆေးရုံတွင် (၁၆)ဦးစစ်ဆေးရာ (၅)ဦးတို့တွင် လည်းကောင်း၊ မြို့သစ်မြို့ တိုက်နယ်ဆေးရုံတွင် (၇)ဦးစစ်ဆေးရာ (၆)ဦးတို့တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တမူးခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများထဲမှ တမူးမြို့ ပြည်သူ့ ဆေးရုံမှ (၂၇)ဦး၊ မင်းသာကျေးရွာ တိုက်နယ်ဆေးရုံမှ (၂) ဦး၊ မြို့သစ်မြို့ တိုက်နယ်ဆေးရုံမှ (၉) ဦး စုစုပေါင်း(၃၈) ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ ကြောင်း သိရသည်။
တမူးမြို့၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉အတည်ပြုလူနာဟောင်းများ အနက် ဈေးတန်း(၃)ရပ်ကွက်မှအသက်(၆၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မြို့မ(၁၀)ရပ်ကွက်မှ အသက် (၆၅)နှစ် အရွယ်အမျိုးသမီးတစ်ဦးတို့သည် ရောဂါအခြေအနေဆိုးရွားလာပြီး နံနက်အစောပိုင်းတွင် သေဆုံးသွား ကြောင်း သိရသည်။
တမူးခရိုင်အတွင်း ဇူလိုင်လ(၆)ရက်နေ့အထိ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ(၁၁)ဦးရှိပြီဖြစ်ကြောင်း ၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား စောင့်ကြပ်ကုသမှုအနေဖြင့် တမူးမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံနှင့် အ.ထ.က(၁) ကျောင်းတို့တွင် (၃၁၂)ဦး၊ မင်းသာကျေးရွာ တိုက်နယ်ဆေးရုံတွင် (၄၄)ဦး နှင့် မြို့သစ်မြို့ တိုက်နယ် ဆေးရုံတွင် (၃၇)ဦး စုစုပေါင်း (၃၉၃)ဦးတို့ကိုသက်ဆိုင်ရာဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း တမူးခရိုင်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဖိုးကျော်