သတင်းများ

ကွမ်းခြံကုန်းမြို့နယ်ရှိ မြို့မဈေးတွင် နှာခေါင်းစည်းပေးခြင်း Mask Campaign ဆောင်ရွက်
Jul 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌    ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်ရေး  အထောက်အကူပြု စေသည့် နှာခေါင်းစည်းပေးခြင်း Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     
ကော့သောင်းမြို့နယ်တွင် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချ ရန် ကော့သောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ နှင့် တာဝန်ရှိ အဖွဲ့အစည်းများက ယနေ့ နံနက်ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပူတာအိုမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်စတင်စိုက်ပျိုး
Jul 08,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများအား မျိုးကောင်းမျိုးသန့် အထွက်တိုးမျိုး စပါးဆင်းဧကရီ-၃ ဧက(၂၀)နှင့် အရည်အသွေးကောင်း အထွက်တိုးမျိုးစပါး ဧရာမင်း(၃)ဧက မျိုးစပါးထုတ်လုပ်နိုင်ရန်အတွက် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပူတာအိုမြို့နယ် ကောင်ကထောင် ရပ်ကွက်ရှိ မတ်ပန်စံပြစိုက်ကွင်း၌ စိုက်ပျိုးသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Jul 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အနေဖြင့် ဗိုလ်တေဇလမ်း၊ ရန်နိုင်တံတားထိပ်နှင့် မြို့မစျေးတို့တွင် ယနေ့နံနက် ၇ နာရီခွဲက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) တွင် ရေလုပ်သားများအတွက် အခြေခံ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း တတိယအကြိမ်ဖွင့်လှစ်
Jul 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရေလုပ်သားများ ပင်လယ်ပြင်တွင် ကြုံရမည့် အခက်အခဲများ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင်အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၃/၂၀၂၁)ကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(ကြို့ကုန်း)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် Mask Campaign ပြုလုပ်
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် မြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကိုဗစ်မြို့ပေါ်လမ်းဆုံနှင့် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် လုံခြုံရေးပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၈၉)ဦး အထိရှိ
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ တတိယလှိုင်း၌ ပိုးတွေ့လူနာ စုစုပေါင်း(၈၉)ဦး ရှိနေပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 08,2021
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ပြည်သူ့ဈေးနှင့် ဝန်းကျင်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။