ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနေ့ချင်းပြီး ဆောင်ရွက်ပေး
Aug 14,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ ဘောလခဲမြို့နယ်၊ချိကွဲ့ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် (၁၃-၈-၂၀၂၀) ရက်နေ့မှ စတင်၍နိုင်ငံသား စိစစ်ရေးကတ်ပြား များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ(၁၄-၈-၂၀၂၀)ရက်နေ့ မွန်းလွှဲပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။