သတင်းများ

ရိခေါ်ဒါရ်မြို့၌ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား စက်တင်ဘာ ၂ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချမည်
Aug 28,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်လုပ်ငန်း သုံးမျိုးအား သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေး အဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထား ခဲ့ပြီးဖြစ်ပါသော်လည်း အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများ ရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ်ရက်ဖြစ်သည့် ဩဂုတ် ၂၆ ရက်အစား စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီအချိန်သို့ တတိယအကြိမ် လေလံရောင်းချမည့် သတ်မှတ်ရက် ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
သံတောင်ကြီးမြို့၌ ဒေသန္တရခေါင်းဆောင်များနှင့် အမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Aug 28,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် Advancing Community Empowerment(ACE)စီမံချက်၏ ပံ့ပိုးမှုဖြင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့မှ
အိမ်မဲမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၀င်များအား သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 28,2020
ဧရာ၀တီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံ မိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၀င်များအား သင်တန်းများဖွင့်လှစ်ပို့ချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့အဝင် သာဝတ္ထိ-အင်းသာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်
Aug 28,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့အဝင် သာဝတ္ထိ-အင်းသာ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ဩဂုတ်(၂၁)ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
တီးတိန်မြို့ အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေးခြင်းများ ပြန်လည်ဆောင်ရွက်
Aug 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ဂိတ်များကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများကို ပြန်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့တွင် Mask များ အခမဲ့ဖြန့်ဝေ
Aug 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီ က မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မိုင်းစံစျေး၊ ရပ်ကွက်အတွင်းနှင့် လူစည်ကားရာ ပြည်ထောင်စုလမ်းမတစ်လျှောက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၄ ဦး နမ့်စန်မြို့မှ ဖြတ်သန်း ၊ နမ့်စန်ဆင်းခရီးသည် ၃ ဦး Home Quarantine ဆောင်ရွက်ထားရှိ
Aug 28,2020
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်အသီးသီးသို့ပြန်လာကြသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နံနက် ၅နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်းသိရသည်။
တီးတိန်၌ ၂၀၂၀ ပြည့်နှစ် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ပြုလုပ်
Aug 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တီးတိန်မြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်း၌ ပြုလုပ်ကြောင်း သိရသည်။