သတင်းများ

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်
Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း လတ်တလော ကူးစက်မှု မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနမီးငြှိမ်းသတ်ယာဉ်ဖြင့် ဇူလိုင်လ(၁၆)ရက်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ကာ အသံချဲ့စက်ဖြင့် ပညာပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀)ဦး ထပ်မံတွေ့ရှိပြီး ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများ အနက် (၁၄)ဦးဆေးရုံဆင်းခွင့်ရ
Jul 17,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူများ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အသက် ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဇူလိုင် ၁၆ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၁၀) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့မဈေးကြီး ၊ သားငါးဈေးနှင့် ယာယီကုသရေးဆောင် တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jul 17,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန် က မြို့မဈေးကြီး၊ သားငါးဈေး နှင့် ယာယီကုသရေးဆောင်တို့တွင် ပိုးသတ်ဆေးဖျန်းများအား ဆောင် ရွက် ခဲ့ကြကြောင်းသိရသည်။
ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စီမံ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Jul 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြို့နယ်အတွင်းရှိ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း
Jul 17,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းသိန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး (၃၇)ဦး ထပ်မံ စစ်ဆေးတွေ့ရှိ
Jul 17,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး (၃၇) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။
ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ (၉)ဦး ထပ်မံတွေ့ရှိ
Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါပိုးကူးစက်ခံသူ(၉)ဦး ထပ်မံ တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယမန်‌နေ့ညနေ သတင်းထုတ်ပြန်ချက် အရ သိရသည်။
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတစ်မျိုးအဖြစ် တန်ဖိုးထားသုံးစွဲလာသည့် နွားလှည်း
Jul 17,2021
မြန်မာတို့၏ ရှေးဆိုရိုးစကားမှာ "လှည်းနှင့်လှေ မပျောက်သရွေ့ ရိုးရာယဉ်ကျေးမှု မပျောက်နိုင်" ဟူသည့် ဆိုရိုးစကားအတိုင်း မြန်မာတို့သည် နွားလှည်းနှင့် လှေများကို ဟောင်းနွမ်း စေကာမူ ပျက်စီးမှု မရှိစေဘဲ မိဘ ဘိုးဘွားများ အသုံးပြုခဲ့ကြသည့် ပစ္စည်းများအဖြစ် တန်ဖိုးထားကာ ပြုပြင်မွမ်းမံ၍သော်လည်းကောင်း၊ အသစ်တဖန် တည်ဆောက်ခြင်းဖြင့်လည်းကောင်း ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိကြပြီး ထိုလှည်းနှင့်လှေ န