သတင်းများ

တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရ သူပေါင်း (၁၃၀)ရှိ
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလိုင်း စတင်ခဲ့သော ဇွန်လကုန်မှစ၍ အတည်ပြု လူနာများကို ကုသပေးလျက်ရှိရာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရသူများ ယမန်နေ့ကအထိ စုစုပေါင်း ၁၃၀ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရသူ (၃၀၇)ဦး ရှိပြီး ပိုးတွေ့အတည်ပြုလူနာပေါင်း(၄၄၀၆)ဦး အထိရှိလာ
Jul 17,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်းအဖြစ် ကူးစက်မှုများရှိနေပြီး၊ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိကာ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ် (၃၀၇)ဦး ထပ်မံကူးစက်ခံ ရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ပေါင်း (၄၄၀၆)ဦး အထိရှိလာ ကြောင်း ယနေ့ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အတွင်းရေးမှူးတို့ ကဂွမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာများသို့ ကြက်ဥ ၊ Ovaltine နှင့်မု့န်ခြောက်များ လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Jul 17,2021
ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်း နှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် ဂွမြို့သို့ ယမန်နေ့ ညနေ၄နာရီခန့်တွင် ရောက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ၊ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၀၀)ဖြင့်(၂၂၀ပေ၊ ၈၀ပေ) RCC မြို့နယ်ခန်းမဆောင် ဆောက်လုပ် နေမှုကိုကြည့်ရှု စစ်ဆေးခဲ့ သည်၊၊
မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ပြုလုပ်
Jul 17,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
ကိုဗစ်လူနာများအတွက် ပြည်ပမှတင်သွင်းလာသော အောက်ဆီဂျင်များ ရန်ကုန်သို့ရောက်ရှိ
Jul 17,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများ အတွက် ပြည်ပမှ တင်သွင်း လာသော ဆေးရုံသုံး အောက်ဆီဂျင်ဓါတ်ငွေ့ရည် ၂၀ တန်တင်ဆောင်လာသည့် ပထမကားတစ်စီး မှာ ဇူလိုင် ၁၅ ရက် ည ၈ နာရီတွင်လည်းကောင်း ဒုတိယကားတစ်စီးမှာ ဇူလှိုင် ၁၆ ရက် နံနက် ၃ တွင်လည်းကောင်း ရန်ကုန်သို့ ရောက်ရှိလာသည်။
ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ဆောင်ရွက်နေမှုများ အား မြို့နယ်ဆရာဝန်ကြီးနှင့် တွေ့ဆုံမေးမြန်း
Jul 17,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားစီးထိန်းချုပ်ရေး ဆောင်ရွက်နေမှုများအား မြို့နယ်ကုသရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကိုအောင်အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ အင်တာဗျူး ရိုက်ကူးခြင်း ကို ယနေ့ညနေ (၃ )နာရီ အချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်သည်။
ကျိုက်မရောမြို့အဝင်အထွက်တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်
Jul 17,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာန ဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ လူမူရေး အသင်း အဖွဲ့များပူးပေါင်းကာ မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ကျန်းမာရေး စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို ယနေ့ နံနက် ၁၀နာရီက ကျိုက်မရောအဝင် ထန်းပင်တန်း၌ပြုလုပ်ပေးလျက် ရှိသည်။
ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ( ၅ ) ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူနှင့် ထိတွေ့ခဲ့သည့် ပိုးတွေ့လူနာအမျိုးသမီး ( ၂ )ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ( ၃၂ )ဦး အား ယနေ့ မွန်းလွဲပိုင်းတွင် RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ ( ၃၂ ) ဦး အနက် ( ၅ )ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိကြောင်း သိရသည်။