သတင်းများ

ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာရုံးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားမှုအခြေအနေစစ်ဆေးပြီး ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းပေး
Jul 17,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ဌာနဆိုင်ရာရုံးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေစစ်ဆေးခြင်းနှင့် ရောဂါကာကွယ် ရေးလုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်းပေးခြင်းကို ယမန်နေ့က လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် ခုတင်(၂၀၀)ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်း
Jul 17,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃မိုင်မြို့သစ်ခုတင် (၂၀၀)ပြည်သူ့ ဆေးရုံကြီးသို့ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယနေ့ ညနေ ၅နာရီအချိန် အလှူရှင်များက လာရာက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် တိုင်းဒေသကြီးအတွင်း/အပြင် ခရီးသည်တင် ယာဉ်လိုင်းများ ရပ်နား
Jul 17,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော တိုင်းဒေသကြီး အတွင်း/ ပြင်ပ ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို ခရီးသည်တင်ပြေးဆွဲခြင်းအား ဇူလိုင်လ(၁၆)ရက် ည(၈)နာရီ အချိန်မှ ရပ်နား ထားကြရန် မြိတ်မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီမှ ယာဉ်လိုင်းများအားလုံးကို အသိပေး အကြောင်း ကြားထားကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ကျောက်စစ်ကန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းများ လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု
Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ အချိန်က ချောင်းဦးမြို့နယ် ကျောက်စစ်ကန် ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းများ လျှပ်စစ်မီးလင်း ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးမင်းလတ်နှင့် ဝန်ထမ်းများ ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေး
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပခဲ့သည်။
မြို့နယ် ကိုဗစ် ကော်မတီမှ Volunteer များအား အ‌ခြေခံ စားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေး
Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Volunteer များအား အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ် ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဟိုပုံးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအားပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု
Jul 17,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားထားကြောင်း ယမန်နေ့တွင် မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။