သတင်းများ

မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိ
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားနေသည့်ကာလတွင် ခရိုင်အတွင်းရှိမြို့နယ်များ၏ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ငွေကျပ်သိန်း (၈၀၀)တန် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၅၀)ထောက်ပံ့ ပေးမည် ဖြစ်၍ လိုအပ်သောငွေကျပ်သိန်း(၂၅၀)အား ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များက အလှူငွေ များ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြို့နယ်ပညာရေးမိသားစုမှ ငွေကျပ်(၁၀) သိန်းလာ ရောက်လှူဒါန်း
Jul 17,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ပြည်သူ့ဆေးရုံ၊ ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့်ပညာရေး ကောလိပ်စောင့်ကြည့်ကုသရေးအဆောင်များတွင် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံစေတနာရှင်များ ပူးပေါင်းကာ စောင့်ကြည့်ကြပ်မတ်ကုသပေးလျက်ရှိသည်။
ဝမ်စိမ်း တိုက်နယ်ဆေးရုံသို့ အစားအသောက်များ နှင့်(mask)များသွားရောက်လှူဒါန်း
Jul 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များသည် ယနေ့ နံနက်(၁၁)နာရီအချိန်က ဝမ်စိမ်းတိုက်နယ်ဆေးရုံသို့ သွားရောက်၍အစားအသောက်များနှင့်(mask)များလှူဒါန်းခဲ့သည်။
တာချီလိတ်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့မှ အခြေခံစားကုန်များ ထောက်ပံ့ပေး
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ အခြေခံ လူတန်းစားများအား အခြေခံစားကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးဌာနရုံး၌ ပြုလုပ်ခဲ့ကြသည်။
ယင်းမာပင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က ကွန်ပျူတာတက္ကသိုလ် ကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ ပညာရေးဝန်ထမ်းများအား ဒုတိယကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Jul 17,2021
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SARS-CoV-2 Vaccine (Vero Cell) inactivated (တရုတ်)နိုင်ငံထုတ် ကာကွယ်ဆေးများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ကျန်းမာရေး၀န်ထမ်း များက (ဒုတိယ) အကြိမ် ပညာ‌ရေးဝန်ထမ်းများကို အ.ထ.က(၁)ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ထိုးနှံပေးကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည့် အမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူပြီး ကျန်းမာ၍ ဆေးရုံဆင်းခွင့်ပြု
Jul 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့သည့် အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်၌ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ဆေးရုံမှဆင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၄/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့်ကျင်းပ
Jul 17,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ (၄/၂၀၂၁)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။