သတင်းများ

နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်းဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာကောင်းပေကောင်းရဲ့အရသာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လည် ၁၁ နာရီ က Book Club အသင်းဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask များတပ်ဆင်သွားလာမှုမရှိသူများအား အခမဲ့ဝေငှ
Aug 27,2020
မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့တွင်(ကိုဗစ်-၁၉) ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း အစီအစဉ် တို့ပူးပေါင်း၍ မကွေးမြို့၏ လူစည်ကားရာနေရာတွင် အသိပညာပေးလှုံ့ဆော်ခြင်း၊ အဝတ်နှာ ခေါင်းစည်း Mask များအခမဲ့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
ကျွန်းစုမြို့တွင် မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေး ဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်
Aug 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများ ဈေးဝယ်ယူ၊ ရောင်းချနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်(၉)နာရီအချိန်က မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်၍ သွားလာစေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ရန် ယနေ့ နံနက် (၈)နာရီတွင် မြို့မဈေးကြီးနှင့် လူစည်ကားသည့် လမ်းဆုံများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း လှည့်လည်ကြေညာပေးလျက်ရှိ
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ် နိုင်စေရန် အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင် များက ဆောင်ရွက်ပေး လျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်
Aug 27,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သော တောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ပင်ကြီး နည်းပညာပေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ရေနံချောင်းမြို့ အိုးဘို-စည်ပင်သာ ချောင်းကူးတံတားသစ်တည်ဆောက်
Aug 27,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်း ၄၈၀ ဖြင့် ရေနံချောင်းမြို့ အိုးဘို-စည်ပင်သာ ချောင်းကူးတံတားသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
လွိုင်လင်မြို့၌ ၁၁/၀.၄ ကေဗွီ နှစ်ထပ်လိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းသည် မြို့တွင်း ၁၁/၀.၄ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းသိရသည်။