တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေနှင့် စားသောက်ဖွယ်များ ပေးအပ်လှူဒါန်း

တန့်ယန်း ဇူလိုင် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယမန် နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးကောလိယ(ဘုရားကြီးကျောင်းတိုက်)နှင့် တပည့်ဒါကာ ဒါကာမများတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့အား အလှူငွေ ကျပ်(၂)သိန်းစီကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်(၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ကုသနေသူများအတွက် ကြက်ဥ(၁၂၀၀)လုံး၊ သောက်ရေသန့်(၂၀)ကဒ်၊ ပဲနို့(၄)ဖါ၊ မုန့်ကြွပ်(၁၂၀)ထုတ် စသည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူး ဒေါက်တာရီရီထွေးနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြကြောင်း သိရသည်။ မင်းလွင်ဦး