မိုင်းကိုင်မြို့နယ်တွင် Quarantine Center တစ်ခု ထပ်မံတိုးချဲ့ထားရှိနိုင်ရေး  ကွင်းဆင်းကြည့်ရှု

မိုင်းကိုင်     ဇူလိုင်     ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများကို နေ့စဉ် ကြီးကြပ် ကန့်သတ်ထားရှိမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   Quarantine Center တစ်ခု  ထပ်မံ တိုးချဲ့ထားရှိနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီဝင်များက  ကွင်းဆင်း၍  တိုးချဲ့မည့်အဆောက်အဦးနေရာအား  စစ်ဆေးကြည့်ရှုခဲ့သည်။

မိုင်းကိုင်မြို့နယ်တွင်  Community Based Facility Quarantine Center များအဖြစ်  မြို့နယ်မိခင် နှင့်ကလေး၊ မြို့နယ်ခန်းမ၊ မိုင်းကိုင်တည်းခိုခန်း(၂) ဟူ၍  သုံးနေရာသတ်မှတ်ထားရာမှ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်စာရင်းစစ်ရုံးပိုင် အဆောက်အဦးဟောင်း နေရာတွင် Quarantine Center တစ်ခုထပ်မံတိုးချဲ့ ထားနိုင်ရေးအတွက် သန့်ရှင်းရေး၊ ရေရရှိရေး၊ အိမ်သာ၊ အဆောက်အဦးတွင် လိုအပ်မည့်  ပရိဘောဂပစ္စည်း များထားရှိနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များကို ယနေ့မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းသိရှိရသည်။