ရန်ကုန် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး အတွင်း အောက်ဆီဂျင်လိုအပ်လျက်ရှိသော သာသနာ့ဝန်ဆောင် သံဃာတော်များနှင့် သီလရှင် ကျောင်းများကို ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးကော်မတီ အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့မှ လိုအပ်သည့်အောက်ဆီဂျင်များကို ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ကိုဗစ်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးကော်မတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်း(YMBA)၏ စီစဉ်ညွှန်ကြားမှု ဖြင့် အရေးတကြီးလိုအပ်လျက်ရှိသော ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို အဓိကထားလှူဒါန်းပေးအပ်မည်ဖြစ်ပြီး အခြားသော လိုအပ်လျက်ရှိသည့် သာသနာ့ဝန်ဆောင် သံဃာတော်များနှင့် သီလရှင် ကျောင်းများအနေဖြင့်လည်း သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်သွယ်၍ အလှူခံနိုင်ပါကြောင်း ကိုဗစ်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးကော်မတီထံမှ သတင်းရရှိသည်။
စန္ဒာမိုး