သိန္နီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးစီး
Aug 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်ခန့်က ဆေးထိုးစုရပ် (၇)ခု နေရာများတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ နယ်မြေခံ တပ်နယ် စစ်မြေပြင် ဆေးတပ်ခွဲမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း များမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ် အထက် များ၊ အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်း Volunteer၊ ပရဟိတ၊ ဘုန်းကြီး၊ သီလရှင်၊ ဘာသာရေးကျောင်း၊ နိုင်ငံ့ဝန်ထမ်း၊ ဈေးဆိုင် ရောင်းချ သူများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။