လားရှိုးမြို့တွင် အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

လားရှိုး ဩဂုတ် ၃

ရှုမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ  အခြေခံလူတန်းစားများ  ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ လားရှိုးမြို့ အခြေစိုက်လင်းလက် အမျိုးသမီးအဖွဲ့ ကရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အခြေခံလူတန်းစား များအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို  ယမန်နေ့ ညနေပိုင်းက သွားရောက်လှူဒါန်းခဲ့သည်၊၊

ထို့သို့ လှူဒါန်းဆောင်ရွက်ရာ လားရှိုးမြို့နယ် အီနှိုင်းဂျန်မိုင်ရွာရှိ  အိမ်ထောင်စု(၅၀)စု၊ ခေးခမ်းရွာရှိ အိမ်ထောင်စု(၈၅)စုနှင့် ရပ်ကွက် (၉)၊ နယ်မြေ(၁)၊ နယ်မြေ(၂) နှင့်နယ်မြေ(၃) အိမ်ထောင်စုများအတွက် ဆန်(၁၈၅)အိတ်၊ ဆီ(၁၈၅)ပိဿာ၊ အိုင်အိုဒင်းဆား(၁၈၅) ထုပ်၊ ဂျုံခေါက်ဆွဲ(၇၄၀)ထုတ်၊ အဝတ်(Mark)(၃၇၀)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

လင်းလက်အမျိုးသမီးအဖွဲ့သည်   ကိုဗစ်-၁၉ ရောဂါကြောင့်  လော့ဒေါင်းကျနေသူများ၊ ကျန်မားရေးကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ် ကျနေသူများ၊  နှစ်သိမ့်ဆွေးနွေးမှုရလိုသူများအား Online မှ တစ်ဆင့် နှစ်သိမ့် ဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။

ဉမ္မာချို