သိန္နီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးစီး

သိန္နီ  ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်ခန့်က ဆေးထိုးစုရပ် (၇)ခု နေရာများတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ နယ်မြေခံ တပ်နယ် စစ်မြေပြင် ဆေးတပ်ခွဲမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း များမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ် အထက် များ၊ အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်း Volunteer၊ ပရဟိတ၊ ဘုန်းကြီး၊ သီလရှင်၊ ဘာသာရေးကျောင်း၊ နိုင်ငံ့ဝန်ထမ်း၊ ဈေးဆိုင် ရောင်းချ သူများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် ခြင်း ဆောင်ရွက်ပြီးမှ ကာကွယ်ဆေး ထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း နာရီဝက် ခန့် စောင့်ကြည့်ပေးခဲ့ကြောင်း သိန္နီမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ထံက သိရသည်။

သို့ဖြစ်ပါ၍ သိန္နီမြို့နယ်အတွင်း ဆေးအလုံးရေ (၃၂၀)လုံး ရရှိခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့ထိ ဆေးအလုံးရေ (၃၂၀)လုံးအား လူဦးရေ(၆၄၀)ဦးကို ထိုးနှံပြီးစီးပြီးဖြစ်ပါကြောင်း၊ ဆေးလက်ကျန် မရှိတော့ပါကြောင်း၊ ထူးခြားမှု တစ်စုံတစ်ရာမရှိ ပါကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရှိရသည်။

အိဇာချို