ကဝ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်(၁၀)နာရီမှ (၁၂)နာရီ အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မဟာအဘယမုနိ ငါးထပ်ကြီးဘုရားတန်ဆောင်းတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ အသက် ၆၅ နှစ်အထက် (၇၅) ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၁၅)ဦးနှင့် သံဃာ(၂)ပါး စုစုပေါင်း (၉၂)ဦးတို့အား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၄၆)လုံးကို ထိုးနှံပေးခဲ့ပြီး ဦးစားပေးအုပ်စုများအလိုက် ကျေးလက်ကျန်းမာရေးဌာန(၃၅)ခု၌ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွင့်ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။