တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်း

တန့်ယန်း သြဂုတ်  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ် မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အရန် မီးသတ်တပ်ရင်းမှ ယနေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ လမ်းများအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ ဝင်များသည် အမှတ်(၁) ရပ်ကွက် လှဧကရီခန်းမ အတွင်းအပြင်နှင့် ရပ်ကွက်နှစ်ခုအတွင်းရှိ လမ်းများ အားလုံးကို ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက် ပေးလျက်ရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး