ကျုံပျော်မြို့၊ တေဇရပ်ကွက်တွင် ချို့တဲ့အိမ်ထောင်စု (၂၅၀) ကို ဆန်များထောက်ပံ့ပေးအပ်,

ကျုံပျော် ဩဂုတ် ၁၄

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်ရှိ ချို့တဲ့အိမ်ထောင်စု (၂၅၀)ထံ သို့ ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို တေဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်၁၄ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ပြီး တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် အိမ်ထောင်စု(၂၅၀)ထံသို့ ဆန်(၇၅၀)ပြည်အား အသီးသီးပေးအပ်လှူဒါန်း ခဲ့‌ကြောင်း သိရသည်။

ထိုသို့လှူဒါန်းနိုင်ရန်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးနှင့်အလှူရှင်(၁၂)ဦးတို့က စုပေါင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ အလှူရှင်များအနေဖြင့် ယခင်ကိုဗစ် -၁၉ ရောဂါ စတင်ဖြစ်ပွားစဉ် ကာလကလည်း ဆန်၊ဆီ၊ကြက်သွန် စသည့်အခြေခံစားသောက်ကုန်များကို ချို့တဲ့အိမ်ထောင်စုများ ထံသို့ အကြိမ်များစွာ လှူဒါန်းခဲ့ကြဘူးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)