မုဒုံမြို့နယ် ကမာဝက်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် အဆောက်အဦ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကျင်းပ

မုဒုံ   သြဂုတ် ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် အတွက် အဆောက်အဦ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကို    သြဂုတ်လ (၁၃) ရက်နေ့ နံနက် (၁၀)နာရီက  ကမာဝက်မြို့ တိုက်နယ်ဆေးရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။

မုဒုံမြို့နယ် ကမာဝက်မြို့တွင် အောက်ဆီဂျင် လုံလောက်စွာ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကမာဝက်မြို့ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ စုပေါင်းအလှူငွေများ ထည့်ဝင်ကာ ကမာဝက် တိုက်နယ်ဆေး ရုံ၌ တရုတ်နိုင်ငံထုတ် MN 70-12 (PSA) အမျိုးအစား အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိပြီး စက်ရုံပြီးစီးပါကတစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုး ၁၂ လုံး ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း စုစုပေါင်း ကုန်ကျငွေမှာ ငွေကျပ် သိန်း ၂၀၀ ခန့်ရှိ ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင် စက်ရုံ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားသို့  မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးဝင်းဇော်၊ ကမာဝက်မြို့အုပ်ချုပ်ရေးမှူး၊ ကမာဝက်တိုက်နယ်ဆေးရုံအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ  တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)