ကျောက်ပန်းတောင်း ဩဂုတ် ၁၇
ဈေးကွက်အတွင်းသို့ ပုပ္ပားတောင်မကြီးမှထွက်ရှိသည့် ရာသီစာမှိုများဝင်ရောက်လာလျှက်ရှိရာ မှိုရှာဖွေရောင်းချသူများ ဈေးနှုန်းရစွာ ရောင်းချရခြင်းများကြောင့် မှိုအမျိုးမျိုးရှာဖွေရောင်းချနေကြကြောင်း နဂါးလည်ကျေးရွာမှ ဦးအောင်ဝင်း ပြောကြားချက်အရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်(၁၁)မိုင်ခန့် အကွာတွင်ရှိသည့် ပုပ္ပားတောင်မကြီးသည် ရာသီပေါ်မှိုအမျိုးမျိုး ထွက်ရှိသည့်တောင်ဖြစ်ရာ ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများ ရာသီစာ မှိုအမျိုးမျိုး ရှာဖွေကောက်ယူရောင်းချခြင်းဖြင့် မိသားစုဝင်ငွေကောင်းနေကြကြောင်း သိရသည်။ပုပ္ပားတောင်မကြီးမှ ထွက်ရှိသည့် မှိုများဖြစ်သည့် အင်မှို၊ ထိတိုင်းနက်မှို၊ မှိုဘီးကျဲ၊ မှိုဘီးစိမ်၊ ငှက်စွပ်မှို၊ ဖက်စွပ် မှို၊ မှိုနီစပ်၊ ဝါးရင်းမှို၊ ဖိုးသူတော်မှို၊ ကိုယ်ရင်မှို၊ကြက်တောင်မှို၊ ကျင်းမှို၊ ဝါဆိုတောင်ဘို့မှုနှင့် ဆီးဖြူမှိုများအား ရှာဖွေကောက်ယူ ရောင်းချကြကြောင်း လက်ပံအိုင့် ကျေးရွာ ဦမောင်ဆန်းကရှင်းပြ၍သိရသည်။ ပုပ္ပားတောင်မကြီးပေါ်တွင် မောက်မိုးရွာသွန်းမှုများခြင်းများက မှိုပေါက်နှုန်း ကောင်းမွန်စေပြီး ထွက်ရှိသည့် မှိုများသည်လည်း အဆိပ်အတောက်ရှိသည့်မှို အလွန်နည်းပါးကြောင်း၊ အဆိပ်အတောက်မှို ကိုလည်း မှိုရှာဖွေရောင်းချသည့် ဒေသခံများကသိရှိကြောင်း၊ မှိုခြင်တောင်နှင့် မှိုအားဖဲ့ချိုးလိုက်ပါက အစေးထွက်လျှင် အဆိပ်အတောက်ရှိကြောင်း ထိုမှိုများကို မှိုရှာဖွေကောက်ယူသူများ သိထားသည့်အတွက် မကောက်ယူကြ ကြောင်းလည်း သိရသည်။
ပုပ္ပားတောင်မှထွက်ရှိသည့်မှိုများအနက် ကျင်းမှိုနှင့်ဝါဆိုတောင်ပို့မှို၊ ဝါးမှိုများသည် ဈေးနှုန်းအထူးကောင်းမွန်ကြပြီး ကျင်းမှိုနှင့်ဝါဆိုတောင်ပို့မှိုသည် တစ်ပိသာ လေးသောင်း ကျပ်ထိရောင်းချနေရကြောင်း၊ အဆိုပါမှိုများသည် ပေါက်သည့် မှိုကျင်းနှစ်စဉ်ပေါက်လေ့ရှိ ပြီး မှိုရှာဖွေရောင်းချသူများ ပေါက်သည့်နေရာအား မှတ်သားထားပြီး မြန်မာလ ဝါကြီးထပ် သည့်နှစ် ၊မထပ်သည့်နှစ်မှတ်သားကာ ရှာဖွေလေ့ရှိကြောင်းသိရသည်။ ကျင်းမှိုနှင့် ဝါဆိုတောင်ပို့မှိုတို့အား ယာပိုင်ရှင်ရှိသည့် မည်သည့်နေရာနှင့် တွေ့ရှိသည့် မည်သည့်နေရာမဆို မှိုတွေ့ရှိသူက အမှတ်အသားပြုလုပ်ဝိုင်းထားလျှင် မှိုမနှုတ်ခင်အချိန်ထိ မှိုတွေ့ရှိသူကပိုင်ကြောင်းလည်း ဒေသခံများကပြောကြားသည်။ဝါးမှိုသည် ဝါးရုံခြောက်သွေ့သေသွားခြင်းမှ ပေါက်လာရာ မှိုများထဲတွင် ဟင်းရည်သောက်ချက်စားရာတွင် အထူးကောင်းမွန်သော်လည်း ပေါက်ရောက်မှုနည်းကြောင်း ကံကောင်း သူများသာတွေ့ရတတ်ကြောင်း မှိုရှာဖွေသူဒေသခံများက ရှင်းပြသည်။ကျောက်ပန်းတောင်းမြို့ဈေးကွက်သို့ ပုပ္ပားတောင်မ ကြီးထွက် ရာသီစာမှိုများ ဝင်ရောက်လာရာပေါ်ဦးပေါ်ဖျားမှိုများ(ကျင်းမှို၊ဝါဆိုတောင်ပို့)မှိုမှလွဲ၍ ၂၅ကျပ်သား ၂၀၀၀ကျပ် ရောင်းချနေရခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြပြီး မှိုရှာဖွေရောင်းချမှု များနေကြောင်းလည်း သိရသည်။
ကိုထိန်