သတင်းများ

ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပဆောင်ရွက်
Sep 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခဲ့သည်။
မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးဆေးပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် သတ်မှတ်ဆေးထိုးစုရပ် (၄)နေရာ၌ တစ်ပြိုင်တည်းထိုးနှံလျက်ရှိ
Sep 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးဆေးဒုတိယအကြိမ်ဖြစ် ဆက်လက်ထိုးနှံခြင်းကို သတ်မှတ်ဆေးထိုးစုရပ်(၄)နေရာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြေပုံမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ မြို့နယ်ခန်းမ၊ ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံ၊ သရက်တောင် ကျန်းမာရေးဌာနခွဲနှင့် ပေါက်တူးတောင် ကျန်းမာရေးဌာနခွဲ ကာကွယ်ဆေး ထိုးစုရပ်(၄) နေရာတွင် တစ်ပြိုင်တည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရှမ်းရွာသစ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှု များအား ကွင်းဆင်းကြည့်ရှု
Sep 02,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၂၉)ရက်နေ့မှစတင်၍ ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က (၂၀)တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျန်မာရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သံသယရှိသူ (၂၇၀)ဦးအား RDT-Test Kit ဖြင့် စစ်ဆေးရာ(၆၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Sep 02,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျန်မာရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သံသယရှိသူ(၂၇၀)ဦးအား ယမန်နေ့နံနက် ၈ နာရီ အချိန်က သတ်မှတ်ထားသော နေရာ(၃)ခု၌ RDTTestKitဖြင့် စစ်ဆေးပေးရာတွင် (၆၅)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ကျီခါးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြိုးတံတားတစ်စင်း နေရာအချို့ပျက်စီး
Sep 02,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျီခါးမြို့မှ (၆)မိုင်ခန့်အကွာ ဗန်လိုင်ကျေးရွာ သွားလမ်းရှိ ကြိုးတံတားတစ်စင်း၌ နေရာအချို့ ပျက်စီး သွားခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျပ်(၅၃၃)သိန်း တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျောက်ဖြူ ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်ရှိ ပြည်သူ့ဆေးရုံများသို့ CITIC Group မှ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင် အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းထဲသို့ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေးဆောင်ရွက်
Sep 02,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့အဝင်/ အထွက် ဂိတ်၌ ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က မြို့တွင်းထဲသို့ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ပိုး ရှိ/ မရှိ RDT ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။