သတင်းများ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပေါင်းတည်မြို့နယ်ရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်ဖြန့်ချိရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစ်ဆေး
Sep 01,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါင်းတည်မြို့၊ ပျဉ်ပုံအုပ်စု၊ နတ်မှော်ရွာရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Sep 01,2021
မန္တလေတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်၊ မြစ်ကျိုးအင်းအနီး ကမ်းပါးပြိုကျခြင်းဖြစ်ပွားခဲ့သောကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုများအား ယမန့်နေ့ နံနက်ပိုင်းက ထောက်ပံ့​ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းတောင်းမြို့နယ် သူရဲတန်းချောင်းအတွင်းမြေကမ်းပါးပြိုမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ အောက်ဆီဂျင်စက်ရုံအဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Sep 01,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ညနေ့ပိုင်းက ပန်းတောင်းမြို့နယ် သူရဲတန်းချောင်း အတွင်း မြေကမ်းပါးပြိုမှုနှင့်ဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွတ်မှာကြား၍ လုပ်ငန်းအမြန်ပြီးစီးအောင် ဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နိုင်ငံသား တိုင်းလက်ဝယ် ကိုင်ဆောင်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Sep 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကိုင်ဆောင် လက်မှတ်များ ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များ အဖိုးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Sep 01,2021
ကိုဗစ်-၁၉‌‌‌‌‌ ရောဂါ ကူးစက်ပြန့်ပွား‌နေစဉ် ကာလအတွင်းပြည်သူများ စား‌‌သောက်ရေး လွယ်ကူလျှင်မြန်‌‌စေရန် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ အခြားစား‌သောက်ကုန်များကို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များ၌‌ ရောင်းချ‌‌ပေးလျှက်ရှိရာ အခြေခံစား‌‌သောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ကြက်ဥစသည်များကို သြဂုတ်(၃၀)ရက်နေ့နံနက်(၉)နာ‌ရီမှစတင်ကာ ယနေ့ထိဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်ရှိ မဏ္ဍိုင်လမ်းမကြီးနှင့် ရွှေစေတီလမ်းထောင့် တွင်လည်းကောင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ပေ(၈၀)လမ်းမကြီး၊ ဓမ္မာရုံ‌ရှေ့တွင် ်လည်းကောင်း၊‌ ရွေ့လျားယာဉ်ဖြင့် အဖိုးနှုန်းသက်သာစွာ လိုက်လံရောင်းချ ပေးခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်မာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးမကောင်းသူ (၂၀၀)ဦးအား RDT-Test Kit ဖြင့် စစ်ဆေးရာ (၃၈)ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိ
Sep 01,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်မာရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးမကောင်းသူ(၂၀၀)ဦးအား ယမန်နေ့ နံနက်(၈)နာရီ အချိန်က သတ်မှတ်ထားသောနေရာ(၂)ခု၌ RDT Test Kit ဖြင့် စစ်ဆေးပေးရာတွင် (၃၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တာချီလိတ်မြို့ရှိ စံလင်းဖြိုး အာယုဒါန အောက်ဆီဂျင်ထုတ်စက်ရုံ ပုံမှန်လည်ပတ်လျက်ရှိပြီး နေ့စဉ် ၄၀ လီတာဝင်အိုး ၂၀၀ ခန့်ထုတ်လုပ်ပေးလျက်ရှိ
Sep 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အာယုဒါန အောက်စီဂျင်ထုတ်စက်ရုံ ပုံမှန်လည်ပတ်လျက်ရှိပြီး နေ့စဉ် ၄၀ လီတာဝင်အိုး ၂၀၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 01,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်  ထိန်းချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ရွေ့လျားယာဉ်ဖြင့် အခမဲ့ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်း ရှိကျေးရွာများမှ ဒေသခံ ကျေးလက် နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး RDT (Test Kits)ဖြင့် ရောဂါ ရှာဖွေစစ်ဆေးခြင်း များ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။