သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ရောဂါသက်သာပျောက်ကင်းခြင်းကြောင့် ပိုးတွေ့ လူနာများထားရှိရန် ဖွင့်လှစ်ထားသော Covid-19 Positive Centre အားပိတ်သိမ်း
Sep 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အောက်ချိုင်းရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများ ထားရှိရန်အတွက် ဖွင့်လှစ်ထားသည့် Covid-၁၉ Positive Centre အား ပိုးတွေ့လူနာများ ရောဂါသက်သာပျောက်ကင်းခြင်းကြောင့် ပိုးတွေ့လူနာများထားရှိရန်မရှိသည့်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က ပိတ်သိမ်းခဲ့ပြီး ပိုသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း Covid-၁၉ Positive Centre တာဝန်ခံ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းမှ ဒေါ်နွယ်နီတင်က သိရှိရသည်။
ထားဝယ်မြို့၌ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Sep 01,2021
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ထားဝယ်ခရိုင်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က ထားဝယ်မြို့၊  လောကမာရဇိန်ဘုရားကြီး ဓမ္မာရုံ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကြက်ခြေနီ အထွေထွေရောဂါကု (အခမဲ့)ဆေးခန်း ဖွင့်လှစ်
Sep 01,2021
ရန်ကုန်တိုင်းဒေ​သကြီး၊အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးဆက်မှု ဖြစ်ပွားနေသောအခြေအနေများကြောင့် ခေတ္တခဏ (ယာယီ) ပိတ်ထားသော ကြက်ခြေနီ အထွေထွေရောဂါကု(အခမဲ့) ဆေးခန်းကိုယခုအခါ ကူးစက်မှုလျော့ကျလာသဖြင့် (၅.၉.၂၀၂၁) တနင်္ဂနွေနေ့မှစတင်၍ တစ်ပတ်လျှင် (၃) ရက်၊ တစ်နေ့လျှင် လူနာ (၅၀) ဦးကိုနံနက် (၈:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီအထိ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံတွင် အောင်ဆီဂျင်ထုတ် စက်ပစ္စည်းများ စတင်တပ်ဆင်
Sep 01,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိကိုဗစ်−၁၉ ရောဂါ ကုသရေးစင်တာများ၊ ဆေးရုံများ နှင့်ပြည်သူများလိုအပ်သည့်အောက်ဆီဂျင်အလျှင်အမြန် အသုံးပြုနိုင်ရေးအတွက် ယမန်နေ့ကရောက်ရှိလာသည့် အောက်ဆီဂျင်ထုတ်စက်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံဝင်းရှိ အောက်ဆီဂျင်စက်ရုံတွင် စတင်တပ်ဆင် နေပြီးဖြစ်ကြောင်း သိရသည်။
ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ဆက်လက်ဝင်ရောက်
Sep 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီ နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်လာ ကြောင်း သိရသည်။
ပလောက်မြို့၌ စက်တင်ဘာလ(၂)ရက်နေ့မှစ၍ ဒုတိယကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးသွားမည်
Sep 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ (၂)ရက်နေ့မှစ၍ ဒုတိယကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT- Test Kit ဖြင့် အခမဲ့စစ်ဆေး
Sep 01,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid  Antigen  Diagnostic Test Kit  ဖြင့် စစ်ဆေးပေးခြင်းကို  ယမန် နေ့ နံနက်ပိုင်းက  မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၊ ကမာဝက်တိုက်နယ်ဆေးရုံ၊ ကလော့သော့ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ အခမဲ့စစ်ဆေးပေးသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာန၊ ရွေ့လျား ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေး
Sep 01,2021
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာန၊ ရွေ့လျားကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက်၇နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၉ လမ်း၊ ၆၃ လမ်းနှင့် ၆၄လမ်းကြားရှိ နန်းတော်ရှေ့ ဈေးအရှေ့၌ ပြုလုပ်ကြသည်။