ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ကာလ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ ဒေသခံပြည်သူများ ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။