သတင်းများ

မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း
Sep 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခြင်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်၈နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိကျေးရွာအုပ်စု၊ ကျေးရွာများတွင်းလိုက်လံ၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စု ( ၂၈၈၂ ) စု လူဦးရေ (၁၁၄၀၃)ဦး တို့အား ဆန်များထောက်ပံ့ပေးအပ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စု ( ၂၈၈၂ )စု လူဦးရေ (၁၁၄၀၃)ဦးတို့အား ဆန်များထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ ၁ရက်နေ့ နံနက် ၁၀နာရီခွဲက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ စိန်ပန်းအားကစားခန်းမတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၇၂၆)စု လူဦးရေ (၂၈၁၅)ဦး တို့အား ဆန်များ ထောက်ပံ့ပေးအပ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၇၂၆)စု လူဦးရေ (၂၈၁၅)ဦး တို့အား ဆန်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ဆုတောင်းပြည့် ချမ်းသာရမြတ်စွာ ဘုရားဝန်းအတွင်း ကျင်းပသည်။
လေးမျက်နှာမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Sep 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်း‌စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ပိုက်ဆံ‌လျော်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူကွင်းလေ့လာရေးပြသပွဲပြုလုပ်
Sep 01,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပိုက်ဆံလျော်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူကွင်းလေ့လာရေး ပြသပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေဘိုမြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနား ပြုလုပ်
Sep 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက် အခက်အခဲမဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက် နိုင်ရေးပန္နက်တင် မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စက်ရုံတည်ဆောက်မည့် အမှတ်(၁၀) တပ်မြို့တောင်ရပ်ကွက်၊ ရွှေဘို စက်မှုဇုံ အနီး​ မြေကွက်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် (၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေး
Sep 01,2021
ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့်၂နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ ပေးခြင်း MCCT အစီအစဉ်အရ နိုင်ငံတော်မှ ကျောက်မဲမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးများအားတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်နှုန်းဖြင့် လစဉ်ထောက်ပံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာ လများအတွက် ၃ လစာထောက်ပံ့ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ရီရီခိုင်က သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု၏ တာဝန်ရှိသူများလက်ဝယ်သို့ ယမန်နေ့ နေလယ် ၁ နာရီအချိန်မှစ၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်
Sep 01,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။