နေအိမ် (Lock Down) ချထားစဉ် အခက်အခဲဖြစ်နေသည့် မိသားစုအား အလှူရှင်ငွေများနှင့် စားရိက္ခာများထောက်ပံ့ပေးအပ်
Sep 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်၊ တာရိုးလမ်းနေ အသက်(၆၅)နှစ် အရွယ်ရှိသည့်(ဖခင်) အိမ်ထောင်ဦးစီးဖြစ်သူသည် ယမန်နေ့ နံနက် ၁၁နာရီခန့်က နေမကောင်းသဖြင့် ဆေးခန်းပြသ၍ RDT Test-Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိရသဖြင့် ပိုးတွေ့သူနှင့်ထိစပ် ဆက်နွယ်သည့် မိသားစုဝင်(၆)ဦးတို့အား ကိုဗစ်-ရောဂါပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်အား Lock Down ချ၍ (၁၄)ရက်အကြာ အသွားအလာ ကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြပ်ပေးထားရှိကြောင်း သိရှိရသည်။