သတင်းများ

ရပ်စောက်မြို့၌  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့်ဆောင်ရွက်
Sep 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်ဟုတ်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ဝင်/ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းလမ်းဆုံများ၌ နေအိမ်ပြင်ပထွက်သွား လာသူများအား တာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည်။
အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ ရင်မှီးရပ်ကွက်အတွင်းရှိ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ရင်းမှီးရပ်ကွက်ရှိ ဆေးထိုးစုရပ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များအညီ ဆောင်ရွက်ပေးခဲ့သည်။
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ  ပြန်လည်ဝင်ရောက်လျက်ရှိ
Sep 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း မှတစ်ဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ လက်ကမ်း စာစောင်များ ဖြန့်ဝေ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအတွက်  ပန်းခင်း စီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများ  မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” လက်ကမ်း စာစောင်များ    ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရွှေပြည်သာ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာများဖြစ်သော အ.ထ.က(၄) ကျောင်း၊ မြို့နယ် ပြည်သူ့ဆေးရုံနှင့် အမှတ်(၁)မူလတန်းလွန်ကျောင်းတို့တွင်ဖြန့်ဝေခဲ့သည်။
ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးမှုကို ပြည်သူများသိရှိနိုင်ရန် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးနှိုးဆော်
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း၌ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူများသိရှိနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း ယနေ့နံနက်ပိုင်းက လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက် ရှိသည်။
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများကိုမိဘပြည်သူများအား အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူ မြို့တွင်လူစည်ကားရာ နေရာများ ဖြစ်သည့် သင်္ဘောဆိပ်နှင့် ရပ်ကွက်များ အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များကိုမိဘပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အသိပညာပေး ကြေညာ ပေးခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ပြင်စလူမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ ပြန် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဝန်ထမ်း များ၊ပြင်စလူမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်းများအား  Sound Box  စက်ဖြင့်  ယနေ့  နံနက် (၉) နာရီ အချိန်က လိုက်လံအသိပေးနှိုးဆော် ကြေညာ ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း စတုတ္ထမြောက်နေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား (ဒုတိယအကြိမ် ) ကာကွယ်ဆေးထိုးနှံပေးခြင်း (စတုတ္ထမြောက်နေ့အဖြစ်) ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က  တိုက်ကြီးမြို့နယ် အ.ထ.က(မြို့မ)ကျောင်း၌ စုရပ် (၂)နေရာ၊ ဥက္ကံမြို့ ရွှေကံသာခန်းမ ၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၊ ဖလုံ ကံကုန်း အ.ထ.က ကျောင်း၊ ဖိုးခေါင် ဓမ္မာရုံ နှင့် တော်လတီ အ.ထ.ကကျောင်း စသည့် စုရပ် (၇) နေရာတို့တွင် လာရောက်ထိုးနှံသူ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၅၈၅)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကသာမြို့၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ ကသာခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကသာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။