သတင်းများ

ပေါင်မြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်
Sep 02,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌  အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ယနေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများမှ ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သန်းကြီးကုန်းကျေးရွာမြေသားရေကန်   တူးဖော်မှုလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများသောက်သုံးရေဖူလုံ
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကူရွာကျေးရွာအုပ်စုရှိ သန်းကြီးကုန်းကျေးရွာတွင် တိုင်းဒေသ ကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြေသားရေကန် တူးဖော်မှုလုပ်ငန်း  ပြီးစီးမှုအခြေအနေများကို  ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အဖွဲ့  ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်းမြို့နယ် မုံကမ်းရွာနှင့် ညောင်ဖြူပင်ရွာ ဆက်သွယ်သည့် သစ်သားတံတား ချောင်းရေဖြင့်မျောပါပျက်စီးခဲ့ပြီး စပါးခင်း ဧက(၃၀)ခန့် ချောင်းရေတိုက်စားပျက်စီး
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၂)ရက်နေ့ နံနက်(၃)နာရီမှ နံနက်(၆) နာရီ (၁၅) မိနစ်ခန့်အထိ၊ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ကန်ပတ်လည်ကျေးရွာအုပ်စု၊ မုံကမ်းကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာဆက် သွယ်သည့် သစ်သားတံတား အရှည်(၁၀၀ပေ×၁၂ပေ)မှာ ချောင်းရေဖြင့်မျောပါ ပျက်စီးခဲ့ပြီး စပါးခင်းဧက (၃၀)ခန့် ချောင်းရေတိုက်စားပျက်စီးခဲ့ ကြောင်းသိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် ပုလဲမြို့ရှိ  ဌာနဆိုင်ရာများ၊  ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ
Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊   ယင်းမာပင်ခရိုင်၊  ပုလဲမြို့၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌  အနောက်မြောက်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့်   ဌာဆိုင်ရာ  တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊    လူမှုရေးအသင်းအဖွဲ့များ၏  တွေ့ဆုံပွဲကို  စက်တင်ဘာ  ၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသည့် Oxygen အိုးများနှင့် မိုင်းဖြတ်တပ်နယ်မှ စားသောက်ကုန်များပေးအပ်လှူဒါန်း
Sep 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသည့် Oxygen အိုးများနှင့် မိုင်းဖြတ်တပ်နယ်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်များကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးကူညီမှုအသင်းသို့ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့ တွင် ဧရာဝတီမြစ်ရေဝင်ရောက်လာမှုကြောင့် ရွှေ့ပြောင်း အိမ်ထောင်စုများ ဆန်ရိက္ခာထောက်ပံ့ငွေပေးအပ်
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ယ‌မန်နေ့အထိ အမှတ်(၇) ရပ်ကွက် အုတ်ဖိုရပ် နှင့်ရွာဟောင်းရပ် အိမ်‌ထောင်စုပေါင်း (၃၂)စု၊ လူဦးရေ(၁၄၄)ဦး၊ အမှတ်(၈)ရပ်ကွက် ပုဂံစုရပ်အိမ်‌ထောင်စုပေါင်း(၁၀)စု၊ လူဦးရေ(၃၆)ဦးသည် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့်‌ ယနေ့မှစတင်၍ရေဘေးရှောင် ယာယီစခန်းများ၌ ရွှေ့ပြောင်းကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ခံရသူများနှင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ Volunteer များအား ထောက်ပံ့ငွေများပေးအပ်
Sep 02,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းက ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်၊တိုက်နယ်ဆရာဝန် များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ခံရမှုအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်မှုများနှင့်ပက်သက်၍ မေးမြန်းခြင်းနှင့်တိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွါးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
Sep 02,2021
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုက်ငန်းများ ဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း ခြင်းကို တကောင်းရပ်ကွက်ရှိ အဆိုပါအသင်းရုံးတွင် နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။